Friday, February 22, 2013

တိုင်းပြည်တိုးတက်ရမည်

ယနေ့မြန်မာပြည်ကြီးတိုးတက်ဘို့လမ်းစမြင်နေရပါပြီ နိုင်ငံတော်အစိုးရ ပြည်သူနှင့်ပါတီ တပ်မတော်သား တိုင်းရင်းသားများ လက်တွဲ ညီကြလို့ အနာဂတ်တိုင်းပြည်ကြီး ကြီးပွားလမ်းစမြင်နေရပါပြီ သတိ အသိ နဲ့ ယှဉ်ပြီး ရှေ့သို့သာ တက်လှမ်းချီတက်ကြပါစို့

အချိန်တွေအကုန်မခံပါနှင့်

ယနေ့မြန်မာလူငယ်တွေအချိန်မကုန်ခံစေလိုပါ ကြိုးစားချင်စိတ်ရှိရပါမယ်။ အမျိုး၊ ဘာသာ၊ သာသနာ ကို လဲ ချစ်ခင်ရပါမယ် ယနေ့ မြန်မာနိုင်ငံမှာ လူငယ်တွေသတိထားရမှာက မြန်မာပြည်ကို နိုင်ငံကြီးတစ်နိုင်ငံက လူမျိုးပျောက်အောင်လုပ်ဆောင်နေတယ်၊ ဘာသာရေးအစွန်းရောက်သူတွေက် ဘာသာ ပျောက်အောင်လုပ်နေတယ်။ အဲဒီတော့ မြန်မာလူမျိုးတွေအနေနဲ့ နိင်ငံရေးနဲ့ပဲအချိမ်မကုန်ကြစေ ပဲ ကိုယ့်နိင်ငံတိုးတက်ကြီးပွားဘို့ ကိုယ့်လူမျိုး တိုးတက်ဘို့ ပညာရေး။ လူမှုရေး၊ နဲ့ တိုင်းပြည်ချစ်စိတ်တွေ မွေးမြူကြပါရန် တိုက်တွန်းပါရစေ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး သူများနိုင်ငံတွေထက် သာရမယ်ဆိုတဲ့ စိတ်နှင့်တိုင်းပြည်ကို အလုပ်အကျွေးပြုကြဘို့နဲ့ မြန်မာနိုင်ငံသားစစ်စစ်များလည်း ကိုယ့်နိုင်ငံကို ကိုယ့်ချစ်တဲ့စိတ်ဓါတ် ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်ဓါတ်များမွေးမြူကြပြီး အစိုးရ ပြည်သူ အတူ တကွ လက်တွဲပြီး တိုင်းပြည်ကို မြန်မြန်ဆန်ဆန် တိုးတက်ကြီးပွားအောင် လုပ်ဆောင်ရန် အချိန်တန်ပြီ   ဖြစ်ကြောင်း စေတနာကောင်းနဲ့ တိုက်တွန်းပါရစေတော့ခင်ဗျာ။

မြန်မာပြည် သူများနိုင်ငံတွေထက် ကြီးပွားတိုးတက်လာလိမ့်မည်။

Wednesday, February 13, 2013

www.truemanlist.blogpost.com

နည်းပညာခေတ်ကြီးထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံက လူငယ်တွေ ခေတ်နောက်မကျစေချင်ပါ တိုးတက်လိုစိတ်ရှိပြီး တိုင်းပြည်ကို အကျိုးပြုရပါမည်. မြန်မာနိုင်ငံလူငယ်တွေ မညံ့ကြပါ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ကြပါသည်၊ တိုးတက်ချင်စိတ်ဖြင့် လုပ်ဆောင်ကြမည်ဆိုလျှင် အိမ်နီးချင်း နိုင်ငံတွေကို နည်းပညာရောတီထွင်မှု အပိုင်းမှာ မှီလာမည်ဖြစ်ပါသည်၊ လူငယ်များ ကြိုးစားကြပါလို့ အကြံပေးပါရစေ